ကျွန်တော့် မှာ မောင်နှမ ၂ ယောက်ရှိသေးတယ်... ကျွန်တော်က အကြီးဆုံးလေ။ အလတ်က မိန်းကလေး.. ခုဆို ၁၀ တန်းတက် နေတယ်ဗျ။ အငယ်ဆုံးကတော့ ၆ တန်း အရွယ် ညီလေး တစ်ယောက်။ သူတို့တွေ အားလုံး တော်ကြ လိမ္မာ ကြပါတယ်။ ဒါပေမယ့် သူတို့ကလည်း သူတို့ တော်ရာ ထူးချွန်ရာ ခြင်းက မတူကြဘူးဗျ။ ကျွန်တော်လည် ဒီအတိုင်းပဲ။ ကျွန်တော်ဆို သင်္ချာ တွက်ရတာကို အရမ်းကြိုက်တာ။ အဲဒါနဲ့ ကြုံတုန်း ကြော်ငြာ ဝင်လိုက်ဦးမယ်ဗျ။ ကျွန်တော်က ကျောင်းမှာဆို သင်္ချာမှာ ဆရာကြီးလိုကို ဖြစ်နေတာ။ အဲလို အဲလို။ တစ်ခုခု သူငယ်ချင်းတွေ သင်္ချာ မတွက်တတ် တော့ဘူးဆိုရင်လေ.. “ဟေးး ထင်ကျော်ရေ၊ လုပ်ပါဦးဟ။ ငါ မတွက်တတ်တော့လို့ကွာ။ သင်ပေးစမ်းပါဦး” အဲလိုမျိုးဗျ။ ဟဲဟဲ။ (ကြုံတုန်းကြွားရတာမို့ပါ.. ဟီးဟီး)
ကျွန်တော်က သင်္ချာ တော်ပေမယ့် ညီမလေးနဲ့ ညီလေးကတော့ သင်္ချာကို လားလားမှ မတွက်ချင်၊ ပျင်းကြတာကိုးဗျ။ ကျွန်တော်ကျ မပျင်းဘူးလားဆိုတော့လည်း ပျင်းတာပါပဲဗျ။ ပျင်းလို့ သင်္ချာတော်တာလေ။ ဟုတ်ဖူးလား။ ကျွန်တော် ဆိုတဲ့ ကောင်က ဆေးကျောင်း ဝင်တာတောင် စာကျက်ရမှာ ပျင်းလို့ ဆက်မတတ်တော့တဲ့ကောင်ဗျ။ ဒီ Biology ဆိုတဲ့ ဟာကြီးကိုလည်း ၉ တန်း မှာ စ ပြီး သင်ရကတည်းက တော်တော် ကို မုန်းတဲ့ ဘာသာကြီးဗျ။ ဆေးကျောင်းလည်း ပထမနှစ် စ တက်ကြည့်ပါတယ်၊ ကျောကို ကော့နေတာပါပဲ ဗျာ။
ဒါပေမယ့် ညီမလေးက မိန်းကလေးဆိုတော့ (အေးပေါ့.. ညီမလေးပါဆိုမှ မိန်းကလေးပေါ့နော်).. အဲအဲ.. သူကတော့ မိန်းကလေးဆိုတော့ ကျက်အား သန်တယ်ဗျ။ ယောက်ျားလေးတွေလိုတော့ မဟုတ်ဘူးပေါ့နော်။ သူကတော့ မျှပြီးတော်ရှာပါတယ်။
ညီလေးကတော့ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကျောင်းတွေ တက်ခဲ့ရလို့လားတော့မသိဘူး၊ အင်္ဂလိပ်စာ အရမ်းတော်တယ်။ သူက သင်္ချာတွက်တော့မယ်ဆိုရင် အိပဲ့ အိပဲ့နဲ့ကို ဟိုဟာ မတွက်ချင်ဘူး ဒီဟာ မတွက်ချင်ဘူးနဲ့ကို ပျင်းနေတာဗျ။ အဲ.. အင်္ဂလိပ်စာ ဆိုရင် တော့ လုပ်မယ် ဆိုတာကြီးကိုဖြစ်နေတာ။ သူ့အရွယ်တုန်းက ကျွန်တော့် သူ့လောက် အင်္ဂလိပ်စာ ကို မတတ်တာ။ Sentence တစ်ကြောင်းကို ဖြစ်ဖြစ်မြောက်မြောက် ကို သူ့လို မရေးနိုင်ခဲ့တာ အမှန်ပါ။
အဲဒီ ကိစ္စတွေနဲ့ ပတ်သတ်လို့ ကျွန်တော့် ဘဝ ရဲ့ အရေးကြီးဆုံး ဆရာ ၂ ယောက်အကြောင်း ပြောပြ ပါရစေဗျာ။
ဆရာတွေ အကြောင်းမပြောခင် ကျွန်တော့် ရဲ့ အခု ပြောမယ့် ဆရာ ၂ ယောက် ကို အရင်ဆုံးဒီကနေ ဦးချပါရစေ။
ဟုတ်ပြီဗျ။ ပထမ ဦးဆုံး ကျွန်တော့် ဘဝကို ပြောင်းလဲ စေခဲ့တဲ့ ( ကောင်းတဲ့ ပြောင်းလဲခြင်းပေါ့နော်) ဆရာက သင်္ချာ ဆရာတစ်ယောက်ဗျ။ ရန်ကုန် မြို့နဲ့ ယှဉ်မယ်ဆိုရင်တော့ လျှမ်းလျှမ်းတောက် နာမည်တော့ မကြီးလှပါဘူးဗျ။ အဲ့ဆရာနာမည်က တော့ ဦးရွှေကို လို့ ခေါ်ပါတယ်။ ဆရာ့ကိုတော့ စမ်းချောင်းမှာဆိုရင် သိကြပါတယ်။ ဆရာက ရခိုင်ဗျ။ ဆရာ့ကို ကျွန်တော် ၈ တန်းနှစ်မှာ စတွေ့ခဲ့တယ်။ ဆရာ့ကြောင့်ပဲ ကျွန်တော် သင်္ချာမှာ ကျောင်းမှာ အတော်ဆုံးလို့ ဆိုရလောက်အောင်ကို ဖြစ်ခဲ့ရတယ်။ ဆရာ့ကြောင့်ပဲ ကျွန်တော့် ဘဝ လုံးဝ နီးနီး ပြောင်းလဲ သွားခဲ့တာ။ ကျွန်တော်က ၈ တန်းအထိ စာသိပ်မတော်ခဲ့ပါဘူး။ ခုလည်း စာတော်လားဆိုတော့လည်း မတော်ပါဘူးဗျာ။ ဒါပေမယ့် ၈ တန်း မတိုင်ခင်နဲ့ ၈ တန်း အကျော် နဲ့ ယှဉ်မယ်ဆိုရင်တော့... လုံးဝ ကွာခြားသွားခဲ့တာ အမှန်ပါ။
ဆရာ အကြောင်းကို ပြောပြရမယ်ဆိုရင်တော့ဗျာ....
ဆရာက အသားမည်းတယ်... အရမ်းကြီးတော့လည်း မမည်းလှပါဘူး... ရခိုင်ဆိုတော့လည်း မည်းသင့်သလောက်တော့ မည်းတာပေါ့နော်။ ဆရာကတော့ ခုထိ လူပျိုကြီးပဲ ထင်ပါတယ်။ ဆရာနဲ့တောင် အဆက်အသွယ် ပြတ်နေတာကြာပြီဗျာ...။ ဆရာက အရပ် သိပ်မရှည်ဘူးဗျ။ ၅ ပေ ၆ ဒါမှမဟုတ် ၇ လက်မ လောက်တော့ ရှိမယ်ထင်တယ်။ ဆရာက အရပ်သိပ်မရှည်ပေမယ့် ဗလ ကတော့ ခပ်တောင့်တောင့်ဗျ။ လက်မောင်းအိုးကြီးတွေကလည်း ကြီးတယ်၊ တစ်ချက် တစ်ချက် ကြိမ်နဲ့ ဗျင်းထဲ့ လိုက်ရင် ကျောင်းသားတွေ ကော့ ကော့ သွားတာ။ ကျွန်တော် ကတော့ တစ်ခါ မှ အရိုက်မခံရပါဘူး။ ဆရာကလည်း ရိုက်ခဲ ဆုံးမ ခဲပါတယ်။ တပည့်တွေကို သားသမီးတွေ လို ဆက်ဆံတဲ့ ဆရာတစ်ယောက်ပါ။ တစ်ချို့တပည့်တွေဆို အသက်သာကြီးသွားတယ်။ မိန်းမသာ ယူသွားကြတယ်။ ဆရာ့ အကူအညီ ယူနေရတဲ့လူတွေ အများကြီးရှိသေးတယ်ဗျ။
ဆရာက လူမှုရေးလည်း အများကြီးလုပ်တဲ့ ဆရာတစ်ယောက်။ လူသားချင်းစာနာမှုတရား အပြည့်ရှိတဲ့ ဆရာတစ်ယောက်ပါ။ ဆရာဟာ နှစ်စဉ်နှစ်တိုင်း သူ စာသင်လို့ ရတဲ့ ပိုက်ဆံတွေ စုထား ပြီး ကမ္ဘာအေးက မိဘမဲ့ ကလေး ကျောင်းတို့ ထောက်ကြန့်က မိဘမဲ့ ကလေးကျောင်းတို့ ဘိုးဘွားရိပ်သာတို့ကို လိုက်ပြီး လှူနေတဲ့ ဆရာတစ်ယောက်ပါ။
ပြီးတော့ ဆရာက စာတွေ အရမ်းကို ပဲ ဖတ်လွန်းတော့ သူ့မှာ ဗဟုသုတ တွေ ကလည်း အစုံအလင်ပါပဲဗျာ။ သူ့မှာ စာအုပ်တွေဆိုရင် ဗီရိုတွေ ဗီရိုတွေနဲ့ ပြည့်နေတာဗျ။ ကျွန်တော်ဆို သူနဲ့ ၁၀ တန်းအထိသာ သင်ခဲ့တယ် သူ့ဆီက စာအုပ်တွေ ဗီရို တစ်လုံးတောင် တစ်ဝက်ပြီးအောင် မဖတ်နိုင်ခဲ့ဘူး။
ကျွန်တော် ဆရာနဲ့ မသင်ခင်အချိန်အထိ အပြင်စာပေ ကို ဘာမှန်းတောင် မသိခဲ့ဘူးဗျ။ နောက်မှ ကျွန်တော် ဆရာက အကျင့်လုပ်ပေးရင်းနဲ့ပဲ အပြင်စာတွေ ကောင်းကောင်းမြည်းတတ်လာခဲ့တယ်။ အဲဒီလို အပြင်ကစာတွေ ကို ဖတ်နေတဲ့ အချိန်.. ကျွန်တော့် အရွယ် ကျွန်တော်နဲ့ တန်းတူလူတွေ စာတွေ ကုန်းကျက်နေခဲ့တယ်။ ဒါပေမယ့်.. သူတို့ အမှတ်လောက်ကတော့ ကျွန်တော် ရခဲ့ပါတယ်။ သူတို့ အမှတ်လောက်ကတော့ အေးအေးဆေးဆေး အပြင်စာ ဖတ်ရင်း စာသိပ်မကျက်ပဲနဲ့ကို ရခဲ့တယ်။ ထားပါလေ..။ ဆရာ့အကြောင်းပဲ ဆက်ပြောပြမယ်။
ဆရာ့ အကြောင်းပြောခဲ့သမျှ ကောင်းခန်းကြီးပဲ ဖြစ်နေတော့ ဒီကောင် သူ့ဆရာကို အမွှန်းတင်နေတယ်လို့ အပြောတော့ ခံရတော့မှာပဲဗျ။ ပြောကြပါဗျာ။ အဲလိုပြောခံရလည်း ကျေနပ်ပါတယ်ဗျာ။ တကယ်လည်း ဆရာက အဲလိုတွေ ကောင်းနေတော့ ဘယ်တတ်နိုင်မှာတုန်းဗျာ။
ဒါပေမယ့် ဆရာ့မှာ အားနည်းချက်တော့ တစ်ခုရှိပါတယ်။ အားနည်းချက်ရယ်လို့တော့ ပြောလို့မရဘူးပေါ့နော်။
အဲဒီ အချက်က သူ့မှာ လူမျိုးမုန်းတီးတဲ့ ဝါဒ တစ်ခုတော့ ရှိတယ်။ ဘယ်လူမျိုးလည်းဆိုတာကိုတော့ ကျွန်တော် ပြောပြချင်ပါသေးတယ်။ တစ်ခြားတော့ မဟုတ်ပါဘူး။ တရုတ်ပါ။ သူ့က ရခိုင်ဖြစ်လို့ ကုလား မုန်းတယ် ဆိုတာ ဆရာ့ အတွက်တော့ မမှန်ဘူးဗျ။ ဆရာက ကုလားကို တရုတ်လောက်ကို မမုန်းတာ။ ဘာလို့ တရုတ် ကို မုန်းရသလည်း လို့ ဆရာ့ကို ခဏ ခဏ မေးမိပါတယ်။ ကျွန်တော် မေးတိုင်းလည်း ဆရာ တိတိကျကျ မဖြေခဲ့ပါဘူး။ ကျွန်တော့်ကို စာအုပ်တွေပဲ တစ်အုပ်ပြီး တစ်အုပ် ပေးကို ဖတ်နေတာ။ ကျွန်တော်လည်း ဆရာ ပေးတိုင်း ဖတ်တယ်။ ဖတ်တယ်။ နောက် Taoism ဆိုတဲ့ ဝါဒ စာအုပ်ကို ဖတ်ပြီးတော့ မှ နားလည်သွားခဲ့တယ်။ နောက် ဆရာ ပြောပြတယ်။
“ ငါတို့ မြန်မာပြည်ကြီး တရုတ်တွေ လွှမ်းမိုးတော့မယ်။ မင်းကွာ... မန္တလေးကိုကြည့်။ ဟိုးရှေးခေတ်ကတည်းက မြန်မာတွေ မင်းလုပ်ခဲ့တဲ့ နေရာ။ မြန်မာတွေ အခြေစိုက် ပြီး မြန်မာ လို့ ဟစ်ခဲ့ကြတဲ့ နေရာကွာ။ မင်းကြည့်စမ်း။ အခု မြန်မာ စစ်ပါလို့ မြန်မာသွေးစစ်ပါလို့ ပြောလို့ရတဲ့ မြန်မာ ဘယ်နှစ်ယောက်ကျန်သေးသလည်း။ ဘယ်နေရာ လက်ညိုးထိုးထိုး မင်း ကွာ.. တရုတ်တွေကြီးပဲ။ မြန်မာပြည် အထက်ပိုင်းတစ်ကျော တရုတ်တွေ တော်တော်များသွားခဲ့ပြီ။” ဆိုပြီး ကျွန်တော့်ကို ပြောပြခဲ့တယ်။
ဟုတ်တာပဲဗျ။ တစ်ဆက်တည်း ကျွန်တော့် အဖေ ပြောခဲ့တဲ့ စကားတစ်ခွန်းကိုလည်း ထည့်ပေါင်းပြောပါရစေ။ “ဘယ်နေရာမဆို တရုတ်ရှိတယ်.. သား။ ကုလားပြည်မှာလည်း တရုတ်ရှိတာပဲတဲ့။ ကုလားပြည်မှာ တရုတ်ရှိပေမယ့် တရုတ်ပြည်မှာတော့ အခြေချ နေထိုင်တဲ့ ကုလားတော့ မရှိဘူး.. သား။” တဲ့။ ဟုတ်တာပဲဗျနော်။
ဟုတ်ပြီဗျာ.... ပထမ ပိုင်းတော့ ဒီမှာပဲ ရပ်ထားဦးမယ်..။ ကျွန်တော် ဒုတိယ ပိုင်းကျမှ ဒီဆရာအကြောင်းအပြီး ပြောပြပေးမယ်။ ဟို နောက်ထပ် ဆရာတစ်ယောက်အကြောင်းလည်း ပြောရင်းနဲ့ပေါ့။
ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။
